ကျေးရွာကျန်းမာရေး စွမ်းရည်မြှင့်တင်ခြင်း ပူပေါင်းဆောင်ရွက်ခြင်း

ကျေးရွာကျန်းမာရေး စွမ်းရည်မြှင့်တင်ခြင်း ပူပေါင်းဆောင်ရွက်ခြင်း

Tai Youth
ဩဂုတ် 9, 2024
Share:

ကျေးရွာကျန်းမာရေး စွမ်းရည်မြှင့်တင်ခြင်း ပူပေါင်းဆောင်ရွက်ခြင်း

ခြုံငုံအချက်အလက်-

မိတ်ဖက်အဖွဲ့- Relief International

တွဲဖက် မိတ်ဖက် အဖွဲ့များ – ရှမ်းလူငယ်များအဖွဲ့ (TYO) ၊

စီမံကိန်း ကြာချိန်- 2021 မှ 2025 ထိ။

စီမံကိန်း အစီအစဥ်

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ‌ကျေးသီး၊ မိုင်းရှူး နှင့် မိုင်းကိုင်မြို့နယ်များရှိ ထိခိုက်လွယ်သော လူမှု အသိုက်အဝန်းများအတွက် လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများ အားကောင်းလာစေရန် ။

စီမံကိန်းလွှမ်းခြုံဧရိယာ-

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှူးနှင့် ကွန်ဟိန်းမြို့နယ်။

လိုက်လျောညီထွေရှိသော စီမံကိန်းဗျူဟာများ-

ကျေးရွာမျိုးဆက် လူငယ်များအတွက် ရပ်ရွာကျန်းမာ‌ရေး စနစ် ကို အားကောင်းစေသည့် နည်းလမ်း။

ထိခိုက်လွယ်သော တိုင်းရင်းသားလူမျိုးစုများ အတွက် ကောင်းမွန်သော ကျေးလက်ကျန်းမာရေး စနစ် တည်ဆောက်ခြင်း၊ ကျေးရွာ ကျန်းမာရေး ရန်ပုံငွေ ထောက်ပံ့ခြင်း၊ သက်တူရွယ်တူ အချင်းချင်း ကျန်းမာရေး ပညာပေးခြင်းများ ပြုလုပ်ပြီး ကျေးရွာလူထု၏ လိုအပ်သော ကျန်းမာရေး စနစ်ကို မြှင့်တင်ရန် နည်းလမ်းကောင်း တခု ဖြစ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဝန်ဆောင်မှုများကို ပိုမို လက်လှမ်းမီနိုင်ယုံသာမက ရပ်ရွာလူထုအား ၎င်းတို့၏ ကိုယ်ပိုင်ကျန်းမာရေး အတွက်  အပြည့်အဝ စောင့်ရှောက်မှု ခံယူနိုင်ရန် အားပေးကူညီပြီး၊  ရေရှည်တည်တံ့သော ကျန်းမာရေးရလဒ်များအား သေချာစေရန် အတွက်လည်း အရေးပါ ပါသည်။

မိတ်ဖက်အဖွဲ့အစည်းနှင့် ကျေးရွာလူထုအတွက်  အကျိုးရှိစေသော ကျန်းမာရေးဆက်သွယ်ရေး နည်းလမ်း။

ဒေသတွင်း မိတ်ဖက်ဝန်ထမ်းများအတွက် ဆက်သွယ်ရေးနှင့် ပတ်သက်သော ကျန်းမာရေးစနစ် အားကောင်းလာခြင်းဖြင့် ‌‌လူထု မျိုးဆက် ကျန်းမာရေး စနစ် တိုးတက်စေသော အစီအစဥ် တခုဖြစ်ပါသည်။ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းအတွက် ဆက်သွယ်ရေး စွမ်းရည်မြှင့်တင်ခြင်း သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်  နောက်ဆက်တွဲ စီမံချက် လုပ်ငန်းများလည်း  ပါဝင် ပါသည်။ အဆက်မပြတ် ပံ့ပိုးကူညီမှုများ၊ လေ့ကျင့်ပေးမှုများဖြင့် ဒေသခံမိတ်ဖက်အဖွဲ့များသည် ရပ်ရွာအဖွဲ့ဝင်များနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်ပြီး အပြုသဘောဆောင်သော အပြုအမူပြောင်းလဲမှုကို ဖြစ်လာစေရန် တွန်းအားပေးပါသည်။

တိုင်းရင်းသား ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးသူများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်း

တိုင်းရင်းသား ကျန်းမာရေး အဖွဲ့ ၏ ကျန်းမာရေးဝန်ဆောင်မှုကွာဟမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ မလုံလောက်မှုကို ဖြည့်ဆည်းရာတွင် အံဝင်ခွင်ကျဖြစ်စေရန်၊ အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ထူထောင်ရန်နှင့် ရပ်ရွာအတွင်း သီးခြားလိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အာအိုင် သည် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များ၏ အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစနစ် တည်ထောင်ရန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ကျေးရွာလူထု၏ တောင်းဆိုမှုမျိုးဆက်တွင် အသုံးပြုခဲ့သည့် စီမံကန်း၏ ချဉ်းကပ်နည်းလမ်းများ

ည်းရုံးလှုံ့ဆော်မှုနှင့် ထိတွေ့ဆက်ဆံမှု- ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများ၏ ဝန်ဆောင်မှုကွာဟချက်များအား ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်တစ်ခုဖန်တီးရန် အဓိကပါဝင်ပတ်သက်သူများ၊ ဒေသန္တရဘာသာရေး ခေါင်းဆောင်များ၊ ရပ်ရွာလူထုများအား အသိပညာပေးမှုများ တွေ့ဆုံညှီနှိုင်းမှုများကို အာအိုင်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ပါသည်။

ရပ်ရွာလူထုအား စည်းရုံးလှုံဆော်ခြင်း/ အလုပ်မှုဆောင် အဖွဲ့ ဖွဲ့စည်းခြင်းအောင်မြင်သော ရပ်ရွာလူထု စည်းရုံးရေး အဖြစ် ကျေးရွာလူထု၏ ပြဿနာများကို ဖြေရှင်းရန်သာမက ၎င်း၏ ကိုယ်ပိုင်လိုအပ်ချက်များကို အောင်မြင်စွာ ဖော်ထုတ်ဖြေရှင်းနိုင်စေရန် ရပ်ရွာ၏ စွမ်းရည်ကို မြှင့်တင်ရန်လည်း ဖြစ်ပါသည်။ အာအိုင် နှင့် မိတ်ဖက်များသည် အဓိကကျသော ရပ်ရွာသူ/သားများ၊ သြဇာလွှမ်းမိုးသူများ၊ နှင့် ဒေသ တာဝန်ရှိသူများနှင့် ကျေးရွာ လူထု၏ ပြဿနာများကို ဖော်ထုတ်ရာတွင် ၎င်းတို့၏ အားသာချက်များကို ဖော်ထုတ်ပြီး  စွမ်းရည် မြှင့်တင်ရန်အတွက် လိုအပ်ချက်များအပေါ် အခြေခံ၍ ၎င်းတို့အား ကိုယ်တိုင် ပါဝင် ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် စည်းရုံးလှု့ဆော်နိုင်ခဲ့ပါသည်။

သက်တူရွယ်တူပညာပေးခြင်းသက်တူရွယ်တူ လူငယ်များ အကြား အသိပညာပေးခြင်းအတွက် အရေးကြီးသောကျန်းမာရေးစာတိုများ ဖြန့်ဝေရန်အတွက် ကျွန်ုပ်တို့၏ မိတ်ဖက် အဖွဲ့အစည်းသည် ရပ်ရွာအခြေပြုသက်တူရွယ်တူပညာပေးများ ကို ပြုစုပျိုးထောင်ပေးခဲ့ပါသည်။ သက်တူရွယ်တူ ပညာပေးခြင်း သင်တန်းများ နှင့် မွမ်းမံသင်တန်းများ မှ တဆင့် ကျွန်ုပ်တို့၏မျိုးဆက်သစ်လူငယ်များအပေါ် စွမ်းရည်မြှင့်ပေးခြင်းများ လုပ်ဆောင် ပေးလျက်ရှိပါသည်။ ထိုမှ တဆင့် ကျန်းမာသန်စွမ်းသောဘဝများ ပိုင်ဆိုင်လာစေရန်နှင့် ၄င်းတို့ ဘဝတစ်ခုလုံးအတွက် ကောင်းမွန်သော အစပျိုးမှုများကို ပိုင်ဆိုင်နိုင်ရန် ‌ဖြစ်ပါသည်။

လူမှုရေးပြောင်းလဲမှုနှင့် BCC- ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသော ရပ်ဝန်းတခု ဖြစ်လာစေရန်အတွက် ရပ်ရွာတစ်ဉီးချင်းစီ၊ ကျေးရွာလူထုများနှင့်အတူ အာအိုင်နှင့် မိတ်ဖက်များမှ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာပြောင်းလဲမှုများအတွက် နီးကပ်စွာ လုပ်ဆောင်ခဲ့ပါသည်။ ရပ်ရွာအခြေပြုချဉ်းကပ်မှုများ ဖြစ်သည့် လူထု ပါဝင်သော ကျန်းမာရေး ပညာပေးပွဲများ၊ ကျန်းမာရေးဆိုင်ရာ ရုပ်ရှင် ဗီဒီယိုများ လှည့်လည် ပြသခြင်းခရီးစဉ်များ၊ လူသားအခြေပြု ကျန်းမာေရး အစီအစဥ်များနှင့် မိုဘိုင်းအက်ပလီကေးရှင်းများပါ၀င်သည့် ပညာပေး အစီအစဥ်များ မှတစ်ဆင့် ကျေးရွာလူထုသို့ ကျန်းမာရေး သော အသိုက်အဝန်း တစ်ခု ဖြစ်ပေါ်စေခဲ့ပါသည်။

အောင်မြင်မှု မိုင်တိုင်များ

  • ထိခိုက်လွယ်ဆုံးသော ရပ်ရွာများတွင် ကျေးရွာကျန်းမာရေး ကော်မတီ ၃၁ ခု တည်ထောင်နိုင်ခဲ့သည်။
  • အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုရယူရန်နှင့် ငွေကြေးအခက်အခဲမရှိပဲ အရေးပေါ်လူနာများ အား ပံ့ပိုးပေးနိုင်ရန် အတွက် ကျန်းမာရေး ရန်ပုံငွေထောက်ပံ့မှုကို ကျန်းမာရေး ကော်မတီ ၃၁ ခုအား ပံ့ပိုးပေးနိုင်ခဲ့သည်။
  • လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကို အထူးအလေးထားသည့် သက်တူရွယ်တူ သင်ကြားရေးဆရာ သင်တန်းအား လူငယ်ပေါင်း 90 ကျော်အား လေ့ကျင့်ပေးနိုင်ခဲ့သည်။
  • ရွယ်တူချင်းမှရွယ်တူပညာရေးမှတဆင့် အဓိက လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး သတင်းစကားဖြင့် နှစ်စဉ်လူငယ် 6,000 ကျော်ကို မျှဝေနိုင်ခဲ့ပါသည်။
  • လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားပေးခြင်းဖြင့် မိတ်ဖက်ဝန်ထမ်း ၄၀ ကျော်အား ပံ့ပိုးပေးနိုင်ခဲ့သည်။
  • ဒေသခံလူငယ်များအတွက် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး မိုဘိုင်းအက်ပလီကေးရှင်း “CHANGE” ကို စတင်မိတ်ဆက်နိုင်ခဲ့သည်။
  • ကျန်းမာရေးနှင့် သတင်းအချက်အလက် ဆက်သွယ်ရေး စနစ် အားကောင်းလာစေရန် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်း 60 ကျော်ကို လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။
  • ရှမ်းကျန်းမာရေးကော်မတီအဖွဲ့ နှင့် ပူးပေါင်းပြီး အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် တန်ဖိုးကြီးသော အဓိကကျန်းမာရေး သတင်းအချက်အလက်များကို ဒေသတွင်းဘာသာစကားများဖြင့် မျှဝေနိုင်ခဲ့သည်။

အခက်အခဲနှင့် ိန်ခေါ်မှုများ

ရှမ်းပြည်နယ်ရှိ ကျေးရွာအများစုသည် ပထဝီဝင်အနေအထားအရ ဝေးလှန် ခက်ခဲ့ပြီး အခြေခံအဆောက်အအုံများ အားနည်းသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို လက်လှမ်းမီရန် ခက်ခဲ့ပါသည်။  ပညာရေးနှင့် စီးပွားရေး အခွင့်အလမ်းများ နည်းပါးခြင်းကြောင့်လည်း ထိုရပ်ရွာများတွင် နေထိုင်သူများ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှု အခက်အခဲများမှာ ပိုမိုဆိုးရွားစေခဲ့သည်။ ဒေသ အရင်းအမြစ်များ နည်းပါးမှုကြောင့် ဆင်းရဲမွဲတေမှု မြင့်မားစေပြီး အခြေခံလိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ အတွက် တားဆီးများ ပြားလျက်ရှိပါသည်။

ကျန်းမာရေးအရင်းအမြစ်များ နည်းပါးမှု နှင့်အတူ လွယ်ကူစွာ လက်လှမ်း မမီနိုင်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူလူထုအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုရှာဖွေရာတွင် စိန်ခေါ်မှုများနှင့် အတားအဆီးများစွာကို ကြုံတွေ့ရပါသည်။ အနီးနားရှိ ကျန်းမာရေးဌာနများမှ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်ရန်  တောတောင်နှင့် မြစ်ချောင်းများကို ဖြတ်ကျော်ကာ အချိန် သုံးနာရီမှ လေးနာရီကြာ လမ်းလျှောက်မှသာ ရရှိနိုင်သည်။ ထို့အပြင် အဆိုပါဌာနများတွင် စောင့်ရှောက်မှုခံယူရန် ဆေးဝါးနှင့် ဆေးပစ္စည်းများလည်း လုံလောက်မှု မရှိတာကို ကြုံတွေ့ ရပါသည်။ ဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အလွန်ဝေးကွားလွန်းခြင်းတို့သည် ကျေးရွာ ဒေသခံများ အတွက် အချိန်မီ လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရန် သိသာထင်ရှားသော နှောင့်နှေးမှုများ ဖြစ်စေပါသည်။

အနှစ်ချုပ်

ရှမ်းပြည်နယ်ရှိ ထိခိုက်လွယ်သော ဒေသခံများ၊ လူငယ်များမှ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိအောင်  အာအိုင်သည် မိတ်ဖက် အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ၂၀၂၁ မှစပြီး စီမံချက် လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ ရပ်ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်ကာ ဝေးလံလှသောဒေသများတွင် ေကျးရွာ ကျန်းမာရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် တိုင်ရင်းသား ဒေသများရှိ ဆယ်ကျော်သက်များနှင့် လူငယ်များအား  စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိတွင် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီပြီး ‌ရေရှည် တည်တံ့သော ကျန်းမာရေး စနစ်တစ်ခု ပီပီပြင်ပြင် ဖြစ်ပေါ်လာနိုင်ရန် ဒေသခံ တိုင်းရင်းသားများကို စွမ်းရည်မြှင့်တင်ခြင်းဖြင့် အာအိုင်နှင့် မိတ်ဖက် အဖွဲ့များ မှ ပူးပေါင်း ပြီး အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ထိုအပြင် ဒေသခံ ခေါင်းဆောင်များနှင့် နီးကပ်စွာ လုပ်ဆောင်ခြင်းဖြင့် အာအိုင် သည် ဒေသနှင့် ကိုက်ညီပြီး  ပိုမို ကောင်းမွန်သော ကျန်းမာရေး အစီအစဥ်များဖြင့် တိုင်းရင်းသားလူနည်းစုများ၏ သီးခြားလိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင်  လုပ်ဆောင်လျက်ရှိပါသည်။