အလှူရှင်များ၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့် Tai Youth Organization သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထိခိုက်လွယ်ဆုံးသော အသိုက်အဝန်းများသို့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ ယူဆောင်လာရန် ရပ်ရွာ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ကျေးသီးနှင့် ကွန်ဟိန်းမြို့နယ်များတွင် ဝေလံခေါင်ဖျားရှိ လူငယ်များ နှင့် ဆယ်ကျော်သက် လူငယ်များ အတွက် စွမ်းရည်မြှင့် ပေးခြင်းများ ဖြင့် မျိုးဆက်သစ်လူငယ်များအတွက် စီမံချက် လုပ်ငန်းများ လုပ်ဆောင်နေပါသည်။