ယနေ့အချိန်အထိ ကျွန်ုပ်တို့ သတိပြုမိခဲ့သည်မှာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာများစွာသည် အဆိုးမြင်ခံနေကြရဆဲဖြစ်ပြီး ၎င်းတို့ကို အဆိုးမြင်သူများစွာလည်း ရှိနေသေးသည်။ ထို့ကြောင့် ဆယ်ကျော်သက်များ၏ ကျန်းမာရေးနှင့် မျိုးပွားမှုဆိုင်ရာ အသိပညာများကို လူငယ်များ လက်လှမ်းမီနိုင်မှုမှာ အကန့်အသတ်ရှိသည်။ ယင်းကိုဖြေရှင်းရန် ကျေးရွာရှိ ကျန်းမာရေးနှင့် ပတ်သက်သော အထင်အမြင်လွဲမှားမှုများကို ပြောင်းလဲရန်နှင့် ဆယ်ကျော်သက်များ၏ ကျန်းမာရေးနှင့် မျိုးပွားမှုဆိုင်ရာ အသိပညာအချက်အလက်များကို လူငယ်များအတွက် ပိုမိုလက်လှမ်းမီစေရန် ရည်ရွယ်၍ Change Mobile Application မှတဆင့် အသေးစားအစပျိုးမှုများစွာကို မိတ်ဆက်ခဲ့ပါသည်။