လူငယ်နှင့် ဝါသနာ

လူငယ်နှင့် ဝါသနာ

Tai Youth
မေ 8, 2023
Share:

လူငယ်နှင့် ဝါသနာ

သူငယ်ချင်းတို့ရေ…

လူတိုင်းမှာ ဝါသနာကိုယ်စီ ရှိကြတယ်။ လူတစ်ဦးတစ်ယောက်တည်းမှာ တစ်ခုထက်ပိုသော ဝါသနာများလည်း ရှိနိုင်ပါတယ်။ ဝါသနာဆိုတာ စိတ်ခံစားမှုအရ အားလပ်ချိန်တိုင်း လုပ်တတ်တဲ့ အမူအကျင့်လေးတွေပါပဲ..

  • ဝါသနာအရ လုပ်ဆောင်ရတဲ့ အရာတွေက စိတ်ကျေနပ်မှုရပြီး ပျော်ရွှင်စေတယ်။
  • ဝါသနာဆိုတာ စိတ်ရဲ့လွတ်လပ်ကြည်နူးခွင့်တွေ ရရှိဖို့ ဘဝအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဝါသနာဟာ ဘဝတိုးတက်မှု၊ ရပ်တည်မှုနဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဝါသနာကို ဝါသနာအဖြစ်နဲ့ပဲထားပြီး ဘဝတိုးတက်ဖို့အတွက် သီးသန့်ကြိုးစားဖို့လိုပါလိမ့်မယ်။