လူငယ်နှင့် မူးယစ်အန္တရာယ်
သူငယ်ချင်းတို့ရေ…
လူငယ်တွေဟာ လူငယ်သဘာဝအရ စူးစမ်းချင်စိတ်၊ လက်တည့်စမ်းချင်စိတ် ရှိတဲ့အတွက် ယနေ့ခေတ်ကာလမှာ အန္တရာယ်ရှိတဲ့ ဆေးလိပ်၊ အရက်၊ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ စတာတွေကို စမ်းသပ်သုံးစွဲနေကြပါတယ်။ လူငယ်တွေဟာ အရက်၊ ဘီယာသောက်ခြင်းကို သာမန်ယဉ်ကျေးမှုတစ်ခုလို လွဲမှားစွာယူဆပြီး အရက်၊ ဘီယာသောက်တဲ့ လူငယ်ပေါင်း မြောက်များစွာ ရှိလာကြတယ်။ မူးယစ်စေတတ်တဲ့ အရာတွေကိုလည်း အပျော်သဘောမျိုး စမ်းသပ်ရာကနေ စတင် ထိတွေ့ လာကြတယ်။ ဒီလို အပျော်သဘောမျိုး စတင်စမ်းသပ်ရာကတဆင့် စွဲလမ်းသွားကြတဲ့ လူငယ်တွေ အများကြီးပါဘဲ…
ဒါ့ကြောင့် မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေဟာ တို့လူငယ်တွေကြားမှာ အန္တရာယ်အဖြစ် ရှိနေပြီဆိုတာ သတိပြုသင့်တယ်နော်…
စိတ်ကိုပြောင်းလဲစေသောဆေးများ သုံးစွဲမိရာမှ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေလည်း ဖြစ်လာနိုင်သလို လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ရရှိနိုင်ပါတယ်။ (ဥပမာ HIV နှင့် ကာလသားရောဂါများ)
တို့လူငယ်တွေဟာ ဒီလို အကြောင်းကိစ္စတွေကြောင့် မူးယစ်ဆေးကို စတင်ထိတွေ့လာကြတယ်…
မူးယစ်ဆေးစွဲရခြင်း ပြဿနာကို အထောက်အကူဖြစ်စေတဲ့ တစ်ခြားအကြောင်းတွေကို လေ့လာကြည့်ရင်..
မူးယစ်ဆေးသုံးစွဲပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပါသေးတယ်…
ကဲ – သူငယ်ချင်းတို့ရေ…
မူးယစ်ဆေးဟာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ သတိပြုမိကြမယ်လို့ မျှော်လင့်ပါတယ်
အရေးကြီးဆုံးကတော့ စမ်းသပ်မသုံးစွဲမိဖို့ဘဲ သူငယ်ချင်း။
တကယ်လို့ မူးယစ်ဆေးကို စတင်သုံးစွဲမိလိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေအပြင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကိုလည်း ထိခိုက်စေနိုင်တယ်ဆိုတာ မမေ့နဲ့နော်။