လူငယ်နှင့် ဘဝတန်ဖိုး

လူငယ်နှင့် ဘဝတန်ဖိုး

Tai Youth
မေ 8, 2023
Share:

လူငယ်နှင့် ဘဝတန်ဖိုး

သူငယ်ချင်းတို့ရေ…

ဆယ်ကျော်သက်လူငယ်တွေမှာ တန်ဖိုးထားမှုတွေ အမျိုးမျိုးရှိကြတယ်။

တစ်ဦးနှင့် တစ်ဦး တန်ဖိုးထားမှုချင်း တူညီကြတာတွေ ရှိသလို မတူညီကြတာတွေလည်း ရှိတယ်။

လူငယ်တွေမှာ ရှိကြတဲ့ တန်ဖိုးထားမှုအချို့ကတော့…

  • ပညာရေး
  • ငွေကြေး
  • အချိန်
  • သူငယ်ချင်း
  • စည်းကမ်း
  • အပျော်အပါး
  • ကိုယ်ကျင့်တရား
  • ရည်မှန်းချက်
  • အလုပ်အကိုင်
  • အလှအပ စသည်တို့ဖြစ်တယ်။

ကျန်းမာရေးကို တန်ဖိုးထားတဲ့ လူတစ်ယောက်ဟာ အရက်၊ ဆေးလိပ်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့အမူအကျင့်တွေကို ကြည့်ပြီး သူတို့ဘာကို တန်ဖိုးထားကြတယ်ဆိုတာ သိနိုင်ပါတယ်။

အချိန်နဲ့ တိကျစွာ လုပ်တတ်သူဟာ အချိန်ကို တန်ဖိုးထားကြောင်း သိနိုင်တယ်။

သူများရဲ့ တန်ဖိုးထားမှုနောက်လိုက်ပြီး ကိုယ့်တန်ဖိုးထားမှုကို ဂရုမစိုက်မိတဲ့လူငယ်တွေလည်း ရှိသလို မိသားစုနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုကြောင့် မိမိရဲ့ တန်ဖိုးထားမှု ပြောင်းလဲသွားတာတွေလည်း ရှိပါတယ်။

အချို့တန်ဖိုးထားမှုတွေကတော့ အသက်အရွယ်၊ အတွေ့အကြုံ၊ ရင့်ကျက်မှုနှင့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ပြောင်းလဲနိုင်သေးတယ်..

  • ဥပမာ ပြောရရင် သူငယ်ချင်းအပေါင်းအသင်းရဲ့ ဆွဲဆောင်မှုကြောင့် တချို့လူငယ်တွေဟာ ပညာရေးကဲ့သို့ တကယ် တန်ဖိုးထားသင့်တဲ့အရာကို စွန့်လွှတ်ပြီး၊အပျော်အပါးကဲ့သို့ တန်ဖိုးမထားသင့်တဲ့ အရာများကို တန်ဖိုးထားနေကြတာ တွေ့ နိုင်ပါတယ်။
  • အဲဒီလို တန်ဖိုးထားမှုတွေ လွဲမှားသွားတဲ့ လူငယ်တွေဟာ လမ်းမှားရောက်ခဲ့ကြရပြီး နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့စီးပွားရေးတွေကို ထိခိုက်လာကြတယ်။
  • နောက်ဆုံးမှာ ဘဝရည်မှန်းချက် ပန်းတိုင်တွေ ပျောက်ဆုံးတဲ့အထိဖြစ်သွားပါတယ်။

လူငယ်တွေရဲ့ ဘဝမှာ မှန်ကန်တဲ့ တန်ဖိုးထားမှုကို ထိန်းသိမ်းထားရင် ရွေးချယ်ဆုံးဖြတ်မှုတွေမှန်ကန်ပြီး ဘဝအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ကိုယ့်ရဲ့တန်ဖိုးထားမှုကို သေချာရွေးချယ်ပြီး အဲဒီတန်ဖိုးထားမှုအတိုင်းကြိုးစားနေထိုင်ဖို့ လိုတယ်ဆိုတာ မမေ့နဲ့နော်…

တစ်ပါးသူရဲ့ တန်ဖိုးထားမှုအပေါ် လှောင်ပြောင် ပျက်ရယ်ပြုခြင်း လုပ်မိတဲ့အခါ ကာယိန္ဒြေပျက်ပြားစေခြင်းမျိုး ဖြစ်တတ်တယ်ဆိုတာ ဆက်ပြီးပြောပြမယ်နော်…