သူငယ်ချင်းတို့ရေ…
တို့တွေဟာ လူငယ်သဘာဝအရ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတယ် ကိုယ်ပျော်ရွှင်ဖို့ တခြားသူကို စနောက်ပြုမူပြောဆိုလေ့ ရှိတတ်ကြတယ်နော်။ အချို့အပြုအမူ၊ အပြောအဆိုတွေက လက်ခံနိုင်တယ် ဆိုပေမယ့် အချို့မှာတော့ လက်မခံနိုင်ဘူးလေ။ မပြောပလောက်တဲ့ ကိုယ်၊ နှုတ်၊ အမူအရာ၊ မျက်စိအကြည့် အပြုအမူဖြစ်တယ်ဆိုပေမယ့် အပြုခံရသူအတွက် မနှစ်မြို့ဖွယ်၊ အရှက်ရဖွယ် ဖြစ်နေရင် ကာယိန္ဒြေပျက်ပြားစေခြင်းလို့ အဓိပ္ပါယ်သတ်မှတ်လို့ရတယ်..
တကယ်တော့ ကာယိန္ဒြေပျက်ပြားစေခြင်းမြောက်၊ မမြောက်ဆိုတာ အပြုခံရသူရဲ့ စိတ်ခံစားချက်ပေါ်မှာသာ မူတည်ပါတယ်..
ကာယိန္ဒြေလို့ ပြောလိုက်တာနဲ့ အမျိုးသားက အမျိုးသမီးကို ပြုလုပ်တယ်လို့ အများက ထင်မြင်ကြတယ်။ တကယ်လက်တွေ့ မှာတော့ အမျိုးသမီးများက အမျိုးသားကို ပြုလုပ်ကြသလို ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်းလည်း ပြုလုပ်တတ်ကြတယ်…
ဒါ့ကြောင့် မည်သူမဆို အချိန်မရွေး၊ နေရာမရွေး ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်ခံရခြင်းနဲ့ အဓမ္မပြုကျင့်ခံရနိုင်ပါတယ်..
သူငယ်ချင်းတို့ရေ တို့တွေရော တစ်ဖက်သားကို ကာယိန္ဒြေပျက်ပြားအောင် လုပ်ဖူးပါသလား..
လူတစ်ဦးတစ်ယောက်၏ အားနည်းချက်ကို လူအများရှေ့ စ၊ နောက်၊ လှောင်ပြောင်တာမျိုးပေါ့
ဒါ့ကြောင့် တို့လူငယ်တွေဟာ ကိုယ်တိုင်လည်း အခြားသူကို ပြုကျင့်သူမဖြစ်အောင် ကြိုးစားဖို့ လိုသလို ပြုကျင့်ခံရသူတွေဟာ စိတ်အမာရွတ်ဖြစ်ကျန်နေခဲ့နိုင်တာမို့ နှစ်သိမ့်ဆွေးနွေး နားလည်နိုင်ဖို့နဲ့ နောင်ထပ်မကြုံရအောင် အတတ်ဆုံး အကြံကောင်းပေးနိုင်တဲ့ သူမျိုးဖြစ်အောင် ကြိုးစားကြစို့နော်…
ဒီလို ကာယိန္ဒြေပျက်ပြားစေတာတွေဟာ အထူးသဖြင့် ကျား၊မ ခွဲခြားမှုအပေါ်မှာလည်း အခြေခံကြပြီး ပြုလုပ်နေကြတာကိုလည်းတွေ့ရတယ်။ကျား၊မ လူမှုကွဲပြားမှု ဆိုတာကို တို့တွေ ဆက်လက်လေ့လာကြည့်ရအောင်နော်…