လူငယ်နှင့်ကျား၊မ လူမှုကွဲပြားမှု

လူငယ်နှင့်ကျား၊မ လူမှုကွဲပြားမှု

Tai Youth
မေ 8, 2023
Share:

လူငယ်နှင့်ကျား၊မ လူမှုကွဲပြားမှု

သူငယ်ချင်းတို့ရေ…

ကာယိအိန္ဒြေပျက်ပြားစေတဲ့ အပြုအမူတွေကို သတိထားရှောင်ကြဉ်ဖို့ အပြင် လိင်နဲ့ ကျား၊မ လုမှုကွဲပြားခြင်း(Gender) ရဲ့ ကွာခြားမှုကိုလည်း သတိထားဖို့လိုတယ်နော်။လိင်ဆိုတာက မွေးကတည်းက ဇီ၀ဗေဒဖွဲ့စည်းမှုအရ ရှိနေတဲ့ လိင်အင်္ဂါကိုခေါ်တာ။Gender ဆိုတဲ့ ကျား၊မ လူမှုကွဲပြားခြင်း ကတော့ ပတ်ဝန်းကျင်က လူတစ်ယောက်နဲ့လိင်အင်္ဂါအပေါ် အခြေပြုပြီး လူအဖွဲ့အစည်းက သတ်မှတ်ထားရှိတဲ့ အမြင်၊အယူအဆ၊ခံစားချက်နှင့်အပြုအမူတွေပဲဖြစ်ပါတယ်…

ဒီလိုသတ်မှတ်ထားမှုတွေကို အချို့သော လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက အမှန်ကဲ့သို့ပုံသေယူဆပြီး လက်တွေ့ကျင့်သုံးတာတွေလည်း ရှိနေတာကြောင့်မလိုလားအပ်တဲ့ကျား၊မ ရေးရာ ခွဲခြားမှုတွေ ပေါ်ပေါက်လာပါတယ်….

အဲ့ဒီကမှတဆင့် ကျား၊မ အခြေပြု အကြမ်းဖက်မှုဆိုတာတွေပေါ်ပေါက်လာတာပေါ့…

  • ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
  • နှုတ်စကားဖြင့် အကြမ်းဖက်မှု
  • စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
  • စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အကြမ်းဖက်မှု
  • နည်းပညာသုံး အကြမ်းဖက်မှု
  • ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်းဖက်မှု
  • ထိန်းချုပ်သည့် အပြုအမူများဖြင့် အကြမ်းဖက်မှု

အဲလိုမျိုး အကြမ်းဖက်ခံခဲ့ရရင်လည်း”Victim Blaming”လို့ဆိုနိုင်တဲ့ အပြုခံရသူတို့ကိုသာ အပြစ်ဖို့ခြင်းကြောင့် ပြုကျင့်သူတွေဟာ အပြစ်မရှိသလို လွတ်မြောက်နေနိုင်ပါတယ်။အင်အားနည်းပါးသူ မည်သူမဆို ကျူးလွန်ခံရနိုင်ခြေရှိပြီး အမျိုးသမီးများအပေါ် အများဆုံးကျူးလွန်လေ့ရှိတဲ့ ကျား၊မ အခြေပြုအကြမ်းဖက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ခွဲခြားဆက်ဆံမှုများကြောင့် ဖြစ်ပြီး အမျိုးသမီးများနဲ့ အမျိုးသားများကြား အင်အားမညီမျှမှုရဲ့ အကြောင်းအရင်းလဲဖြစ်သလို အကျိုးဆက်လည်းဖြစ်ပါတယ်။ ကျူးလွန်ခံရသူများရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးတို့အပေါ် ဆိုးရွားစွာထိခိုက်စေနိုင်သော ပြည့်သူ့ကျန်းမာရေးပြဿနာလည်းဖြစ်ပါတယ်….

ဒါကြောင့်တို့တွေကလည်း အပြုခံရသူများကို ဒါလေးတွေလုပ်ပေးနိုင်တယ်ဆိုတာ သိရှိထားဖို့လိုမယ်နော်…

  • ခံစားချက်ကိုနားထောင်ပေးပါ။
  • လိုအပ်ချက်များ၊စိုးရိမ်မှုများကို မေးမြန်းပါ။
  • ခိုင်မာစွာရပ်တည်ပေးပါ။
  • လုံခြုံဘေးကင်းရေးအတွက် ကူညီပါ။
  • ကူညီပံ့ပိုးညွှန်းပို့ပါ။