ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များနှင့် ပိုမိုခံနိုင်ရည်ရှိသော အသိုင်းအဝိုင်းတစ်ခု ဖန်တီးပြီး ရပ်ရွာကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာခြင်း

ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များနှင့် ပိုမိုခံနိုင်ရည်ရှိသော အသိုင်းအဝိုင်းတစ်ခု ဖန်တီးပြီး ရပ်ရွာကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာခြင်း

Tai Youth
ဇန်နဝါရီ 29, 2025
Share:

အလှူရှင်များ၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့် Tai Youth Organization သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထိခိုက်လွယ်ဆုံးသော အသိုက်အဝန်းများသို့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ ယူဆောင်လာရန် ရပ်ရွာ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ကျေးသီးနှင့် ကွန်ဟိန်းမြို့နယ်များတွင် ဝေလံခေါင်ဖျားရှိ လူငယ်များ နှင့် ဆယ်ကျော်သက် လူငယ်များ အတွက် စွမ်းရည်မြှင့် ပေးခြင်းများ ဖြင့် မျိုးဆက်သစ်လူငယ်များအတွက် စီမံချက် လုပ်ငန်းများ လုပ်ဆောင်နေပါသည်။ အဆိုပါစီမံကိန်းကို မတူညီသော ဒေသခံ တိုင်းရင်းသား လူမျိုးများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမှီ ရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသခံရပ်ရွာလူထု လုပ်သားအင်အား မြှင့်တင်ခြင်း၊ ကျေးရွာကျန်းမာရေး ကော်မတီကို ဖွဲ့စည်းခြင်းနှင့် စွမ်းရည် မြှင့်တင်ခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုများ တိုးမြှင့်သုံးစွဲနိုင်စေရန် သက်တူရွယ်တူ လူငယ်အုပ်စုများကို ပညာပေးခြင်းများ ကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ရပ်ရွာကျန်းမာရေးစနစ်ကို အလေးပေးခြင်းဖြင့် TYO သည် လူငယ်များ၏ လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးများဆိုင်ရာများတွင် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများရရှိရေးနှင့် တန်းတူညီမျှသော ဝန်ဆောင်မှုများ တိုးတက်စေရန် ရပ်ရွာကျန်းမာရေးစနစ်ကို အားကောင်း‌အောင် လုပ်ဆောင်နေပါသည်။

ရှမ်းပြည်နယ်ရှိ ပဋိပက္ခဒဏ်ခံရသောဒေသတွင် နေထိုင်သည့် ထိခိုက်လွယ်သော ဌာနေတိုင်းရင်းသား လူမျိုးများ အတွက် ရပ်ရွာကျန်းမာရေးစနစ်ကို မြှင့်တင်ရန်၊ ဒေသခံတိုင်းရင်းသားများ၊ အခြေခံ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဒေသခံတိုင်းရင်းသားအာဏာပိုင်များနှင့် ပူးပေါင်းကာ ရပ်ရွာ လူထုကို ဦးတည်သည့် ဝန်ဆောင်မှုများ နှင့် ဆောင်ရွက်မှုများ ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုအထဲတွင်-

ကျေးရွာ လူထုဦးတည်သောချဉ်းကပ်မှု – ဒေသခံ ကျေးရွာသူ/သားများ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးနိုင်ရန် ဒေသခံလူထုအား စွမ်းအားမြှင့်တင်ပေးခြင်း၊ အရင်းအမြစ်စီမံခန့်ခွဲခြင်း၊ ရပ်ရွာလူထု ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် ဆုံးဖြတ်ချက်ချခြင်းဖြင့် အစပျိုးလုပ်ဆောင်မှုများကို ပြုလုပ်ပေးပါသည်။

ရပ်ရွာလူထု ပူးပေါင်းပါဝင်မှု- ဝန်ဆောင်မှုပေးသူများနှင့် ရပ်ရွာများ၏ ချိတ်ဆက်မှုကို အားကောင်းစေပြီး စုပေါင်းအင်အားဖြင့် ကျန်းမာရေး အတွက် ရလာဒ်ကောင်းများကို ယူဆောင်ရန် ပူပေါင်းပါဝင်စေခြင်း၊

ဒေသဆိုင်ရာကော်မီတီများဖွဲစည်းခြင်း- ရပ်ရွာလူထုများ အနေဖြင့် ကျေးရွာ ကျန်းမာရေး လုပ်ငန်းများကို မိမိတို့ ကိုယ်တိုင် စီမံခန့်ခွဲရန် နှင့် ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ် လုပ်ကိုင်နိုင်ရန် ကျန်းမာရေးကော်မတီများ၊ မိခင် အချင်းချင်း ပံ့ပိုးကူညီမှု အဖွဲ့များ၊ သက်တူရွယ်တူ အဖွဲများ စသည်ကဲ့သို့ ဒေသဆိုင်ရာကော်မတီများကို ဖန်တီးပြီး ကျန်းမာရေးဝန်ဆောင်မှုများကို ပံ့ပို့ခြင်း နှင့် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်စေပါသည်။

ရပ်ရွာလူထု၏ ပံ့ပိုးမှုများ- ပိုမိုခိုင်မာပြီး ခံနိုင်ရည်ရှိသောပတ်ဝန်းကျင် တခု ဖြစ်အောင်  လူထု၏ ပံ့ပိုးမှုများဖြင့် အားကောင်းအောင် ဖန်တီးခြင်း ဖြစ်သည်။ အသိပညာနှင့် အရင်းအမြစ်များကို အသိုက်အဝန်းကြားတွင် မျှဝေခြင်းဖြင့်၊ အချင်းချင်းထံမှ သင်ယူနိုင်ပြီး လိုအပ်သည့်အချိန်တွင် အချင်းချင်း ကူညီပံ့ပိုးပေးနိုင်ရန် ဖြစ်ပါသည်။

နည်းပညာဆိုင်ရာအရင်းအမြစ်များ- ခိုင်မာသောစွမ်းရည်များအတွက် သိသာထင်ရှားပြီး ပိုမိုကြီးမားသော သက်ရောက်မှုများဖြင့် ရပ်ရွာဒေသခံစွမ်းအားများ တည်ဆောက်ရန် နှင့် စွမ်းရည်မြှင့်တင်ရန်  အခြေခံကျသောကဏ္ဍများတွင် ပံ့ပိုးပေးခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည် မှန်ကန်သော အခြေခံချဉ်းကပ်မှုများကို အသုံးပြုပြီး အကျိုးခံစားခွင့်ရှိသူများ၊ ပဋိပက္ခဖြစ်ပွားနေသောအသိုင်းအဝိုင်းများ၊ ကျေးရွာကျန်းမာရေးကော်မတီ၊ လူငယ်၊ ဆယ်ကျော်သက်များနှင့် သက်တူရွယ်တူအုပ်စုများနှင့်အတူ ကျန်းမာရေး လက်လှမ်းမီပြီး တိုးတက် ကောင်းမွန်စေရန် အတွက် အတူ ပူးပေါင်း လုပ်ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ကျေးရွာလူထုကို အကူအညီပေးသူများအဖြစ်သာ မဟုတ်ပဲ ကျေးရွာလူထု ၏ ကျန်းမာရေး တိုးတက် ကောင်းမွန်ဖို့ စိမံချက်၏ လုပ်ဖော်ကိုင်ဖက်များအဖြစ် ရပ်ရွာအဖွဲ့ဝင်များကို ချိတ်ဆက်သလို ပျက်စီးလွယ်ပြီး ထိခိုက်လွယ်သောအသိုက်အဝန်းများနှင့် အတူ တကွ အလုပ်လုပ်ကိုင် လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်နေသော လုပ်ငန်းများ၏ ရည်ရွယ်ချက်များ ကို ပြောပြပြီး နှင့် စွမ်းဆောင်ရည်များ ပိုမို တိုးတက် ကောင်းမွန်စွာပြီ ဆက်ဆက်မပြတ် အထောက်အကူပြုမှုများ ပေးနိုင်ရန် ကျေးရွာလူထု နှင့် အကျိုးခံစားခွင့်ရှိသူများ၏ အကြံပြုချက်များမှ ကို အကြံအဥာဏ်များ တောင်းခံခြင်း၊ သင်ယူခြင်းများ လည်း ရှိပါသည်။ ကျွန်ုပ်တို့၏ကတိကဝတ်များကို ပေါင်းစည်းခြင်းဖြင့် ကျွန်ုပ်တို့သည် စနစ်နှင့် အလေ့အကျင့်များအပေါ်အခြေခံကာ ရပ်ရွာနှင့် လူထုများ အတွက် ပိုမို ကောင်းမွန်သော တာဝန်ခံမှု တာဝန်ယူမှုများ ဖြစ်ပေါ်‌လာစေရန် ရည်ရွယ်ပါသည်။

လူငယ် စုစုပေါင်း လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့် (အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား)သည် ရှမ်းပြည်နယ်တွင် နေထိုင်လျက် ရှိသည်။ သို့သော်လည်း လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို တားမြစ်ဆေးအဖြစ် ယူဆကျသဖြင့် လူငယ်များစွာသည် တိကျသော သတင်းအချက်အလက်များ ရယူရန်  အခက်အခဲ စိန်ခေါ်မှုများ ဖြစ်စေသည်။ ထိုကြောင့် TYO သည် လူငယ်များနှင့် ဆယ်ကျော်သက်များကို ၎င်းတို့၏ ကျန်းမာသော အနာဂတ်အတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် နှင့် ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် ကူညီပေးရန်အတွက် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ဆောင်လျက် ရှိပါသည်။

ရပ်ရွာလူထုအပေါ် Tai Youth Organization ၏ တာဝန်ခံမှုကို မူဝါဒများတွင် ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်  ရှိပါသည်။ ပိုမို သိရှိလိုပါက https://taiyouth.org တွင် ဝင်ရောက်လေ့လာနိုင်သည်။