ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ

ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ

Tai Youth
ဧပြီ 3, 2023
Share:

ဆယ်ကျော်သက်အရွယ်ပြောင်းလဲမှုများ

သူငယ်ချင်းတို့ရေ…

ဆယ်ကျော်သက်ဆိုတာ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အတွင်း လူငယ်တွေကိုဆိုလိုတာဖြစ်ပါတယ်…

ဆယ်ကျော်သက်အရွယ် ငါတို့ရဲ့ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြောင်းလဲမှုတွေအပြင် စိတ်ဂိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာတာကိုတို့တွေ သတိထားမိကြမှာပေါ့…

ဒီ ပြောင်းလဲမှူတွေက သဘာဝအလျောက် ခန္ဓာကိုယ်အတွင်းမှ ထွက်လာတဲ့ဟော်မုန်းဓါတ်တွေကြောင့် ဖြစ်ပေါ်လာတာပါ။

 

ပြောင်းလဲမှုတွေထဲကမှ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုအရင်လေ့လာကြည့်ရအောင်နော်…

 

  • ခန္ဓာကိုယ် ဖွံ့ဖြိုးလာပြီး ရင်အုပ်ကြွက်သားနဲ့ အရိုးအဆစ်တွေ ထွားကျိုင်းလာတယ်။
  • လည်ဇလုပ် ကြီးလာပြီး အသံသြလာတယ်။
  • မျိုးဆက်ပွားနဲ့ လိင်အင်္ဂါတွေဖွံ့ဖြိုး လာတယ်။
  • နှုတ်ခမ်း၊ မေးစေ့၊ ချိုင်း၊ ခြေသလုံးနဲ့ ယောကင်္ကျားအင်္ဂါစတဲ့နေရာတွေမှာ အမွေးတွေ ပေါက်လာတယ်။
  • လိင်အင်္ဂါမှ သုတ်ရည်ထွက်လာတယ်။
  • မျက်နှာအဆီပြန်ပြီး ဝက်ခြံတွေပေါက်လာတယ်။

 

 

မိန်းကလေးဆိုရင်

 

  • ခန္ဓာကိုယ်ဖွံ့ဖြိုးလာတယ်
  • ရင်သားကြီးထွားလာပြီး တင်ပါးဆုံ ကားလာတာကြောင့် ခါးသေးသွယ်သယောင် ဖြစ်လာတယ်
  • အသံသာယာလာတယ်
  • မျိုးဆက်ပွားနဲ့ မ လိင်အင်္ဂါတွေ ဖွံ့ဖြိုးလာတယ်။
  • မိန်းမအင်္ဂါနဲ့ ချိုင်းမှာ အမွေးတွေပေါက်လာတယ်
  • ရာသီသွေးပေါ်လာတယ်

 

အကြမ်းဖျဉ်းအားဖြင့် အသက် (၉ နှစ်မှ ၁၂ နှစ်) အတွင်း မိန်းကလေးတွေ အပျိုဖော်ဝင်ကြပြီး အများစုကတော့ ၁၁ နှစ် ပတ်လည်မှာဖြစ်ပါတယ် ယောက်ျားလေးတွေကတော့ အသက် (၁၀ နှစ်မှ ၁၃ နှစ်) အတွင်း လူပျိုဖော်ဝင်ကြပြီး အများစုကတော့ ၁၃ နှစ်ပတ်လည်မှာ ဖြစ်ပါတယ်။

 

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ဆက်ပြီးလေ့လာကြည့်ရအောင်နော်…

 

  • လွတ်လွတ်လပ်လပ် နေချင်တယ်
  • အလှအပ စိတ်ဝင်စားလာတယ်
  • ဆန့်ကျင်ဘက် လိင်ကိုစိတ်ဝင်စားလာတယ်
  • ကိုယ့်ကိုကိုယ်အထင်ကြီးစိတ်ဝင်လာတယ်
  • ထင်ပေါ်ကျော်ကြားချင်တယ်
  • အရာရာကို လက်တည့်စမ်းချင်လာတယ်

 

ရုပ်ပိုင်း စိတ်ပိုင်း ပြောင်းလဲမှုများကို အခြေခံပြီး အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်…

ဥပမာ…

  • စိတ်လိုက်မာန်ပါလုပ်တတ်တယ်
  • အတုမြင် အတတ်သင် ဖြစ်လာတယ်,
  • စိတ်လွတ် ကိုယ်လွတ် လုပ်ချင်လာတယ်ၢ
  • လိင်မှုကိစ္စကို စူးစမ်းချင်လာတယ်

 

သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ လိင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပြောဖြစ်သလို တစ်ယောက်ထဲရှိတဲ့အခါမှာလည်း လိင်ကိစ္စအကြောင်းကိုတွေးတောစိတ်ကူးယဉ်တတ်ကြပါတယ်…

ယနေ့ခေတ်မှာ အင်တာနက်နဲ့ social media တွေကနေ လိင်စိတ်နိုးဆွတဲ့ဗီဒီယိုတွေ၊ ရုပ်ပြကာတွန်းတွေး ဓါတ်ပုံတွေ စာအုပ်တွေကို ရှာဖွေကြည့်ကြတယ်။ကာမစိတ်တွေ နိုးကြားလာပြီး လက်တည့်စမ်းကြည့်ကြရင်း အမှားတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီစိတ်ဆန္ဖတွေကို လိင်ဆက်ဆံမှသာ ဖြေဖျောက်နိုင်တာမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့လည်ဖြေဖျောက်နိုင်တယ်ဆိုတာ သိဖို့လိုပါတယ်….

တစ်ကိုယ်ရေ လိင်စိတ်ဖြေဖျောက်ခြင်း

ဒီအပြုအမူဟာ လူငယ်နဲ့ ဆယ်ကျော်သက်တွေမှာ ရှိတတ်တဲ့ ပုံမှန် သဘာဝကိစ္စပါဘဲ၊ ဒါပေမယ့် တစ်ကိုယ်ရေ လိင်စိတ်ဖြေဖျောက်တဲ့ အပြုအမူကိုစွဲလန်းပြီး အလွန်အကျုံပြုလုပ်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်…

သူငယ်ချင်းတို့ရေ….

အခုဆို ဆယ်ကျော်သက်အရွယ်မှာ ဘာတွေပြောင်းလဲတယ်ဆိုတာ သိကြပြီပေါ့၊ဒီပြောင်းလဲမှုတွေနဲ့အတူ ကိုယ့်ရဲ့အပြုအမူတိုင်းဟာ ကိုယ့်အတွက်ရော၊ကိုယ့်မိသားစုအတွက်အပြင်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်မဖြစ်အောင်ကြိုးစားသွားကြရအောင်နော်…