ဆယ်ကျော်သက်များအတွက် လိင်နှင့်မျိုးဆက်ပွားကျန်းမာရေး (SRH) အစီအစဥ်သည် လတ်တလောနှင့် ရေရှည် ကျန်းမာရေး လိုအပ်ချက်များအတွက် ကျန်းမာရေးညွှန်းကိန်းများ၏ အရေးကြီးသော အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး အဓိကဝန်ဆောင်မှု အကြောင်းအရာများ ပါဝင်သော သတင်းအချက်အလက်များ နှင့် ဝန်ဆောင်မှုများ ကို ဆယ်ကျော်သက် လူငယ်အများစုအနေဖြင့် လက်လှမ်းမမီခြင်းကြောင့် အချိန်မှီ ဝန်ဆောင်မှုများရရှိရန် အခက်အခဲ ဖြစ်စေသည် ။ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး အသိပညာတိုးတက်စေရန် နှင့် ဆယ်ကျော်သက် လူငယ်များ အတွက် ကျန်းမာရေးဝန်ဆောင်မှုများ လက်ခံရရှိမှု နောက်ဆုံးတွင် တိုတက်ကောင်းမွန်လာစေရန် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲ ဆက်သွယ်ဆောင်ရွက်မှုများ မှတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းကြိုးပမ်းမှုပြုလုပ်ရန် လိုအပ်ပါသည်။ ရှေးရိုးစွဲ အစဥ်အလာရှိသော လူမှုအသိုင်းအဝိုင်းကြားတွင် လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး အပေါ် လွမ်းမိုးမှုရှိသော အဆုံးအဖြတ်များ နှင့် အတားအဆီးများကို ခွဲခြားသတ်မှတ်ရန်နှင့် ဖြတ်တောက်ရန်အတွက် အားသာချက်များအပြင် ကန့်သတ်ချက်များလည်းရှိပါသည်။ သို့သော် ဖြစ်နိုင်ချေရှိသော လိုအပ်ချက်များကို လျှော့ချပြီး ဝန်ဆောင်မှုများပေးခြင်းကို လူထုအတွင်း လိုအပ်ချက်ပေါ်မူတည်ကာ ကျန်းမာရေးကဏ္ဍအားလုံး၏ ရူ့ထောင့်ပေါင်းစုံကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ သက်တူရွယ်တူများအတွက် လိင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများကို ရှာဖွေရာတွင် ပိုမိုလုံခြုံပြီး ယုံကြည်စိတ်ချမှုခံစားရစေရန် သက်တူရွယ်တူချင်းတွေ့ဆုံဆွေးနွေးမှုများ (Peer to Peer education) ကို တိုးမြှင့်ခြင်းဖြင့် ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ တိုးတက်စေနိုင်သည်။
ကျေးလက်လူငယ်အဖွဲ့များ၏ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး လိုအပ်ချက်များကို အထိရောက်ဆုံး ဖြေရှင်းနိုင်စေရန်အတွက် မိမိတို့ ရှမ်းလူငယ်များအဖွဲ့အနေဖြင့် သတ်မှတ်မြို့နယ်များရှိ ဒေသခံလူငယ် (၅၀) အား လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးအတွက် လူငယ်လူထုစွမ်းရည်မြှင့်တင်ရေး သင်တန်းများ နှင့် ပိုမိုတိုတက်ကောင်းမွန်လာစေရေး အစီအစဥ်များ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ နောက်ထပ်လမ်းညွှန်မှုများနှင့်အတူ ပိုမို ကျန်းမာသောဘဝများရရှိအောင် သက်တူရွယ်တူပညာပေးသူများ ပညာပေးရာတွင် ထောက်ပံ့ကူညီမှုများကို လုပ်ဆောင်လျက် ရှိပါသည်။ သင်တန်း ရရှိပြီးနောက် လေ့ကျင့်သင်ကြားထားသည့် သက်တူရွယ်တူ ပညာပေးသူများမှ လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အဓိက အချက်အလက်များကို ၎င်းတို့၏ နေထိုင်ရာဒေသအတွင်း မြှင့်တင်ပေးနိုင်ပါသည်။ အရည်အသွေးပြည့်မီသော လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးနှင့် သက်ဆိုင်သော ပညာပေး သတင်းအချက်အလက်များကို ဆယ်ကျော်သက်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကျန်းမာရေးပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန် ခွဲခြားဆက်ဆံမှုမရှိပဲ၊ လေးစားမှုနှင့် ဘေးကင်းစိတ်ချရမှု အပေါ်အခြေခံကာ ဆယ်ကျော်သက် လူငယ်အဖွဲ့များအတွင်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိသည်။ 2023 ခုနှစ်အကုန်တွင် TYO သည် တစ်နှစ်လျှင် လူငယ် 3600 ခန့်ကို သက်တူရွယ်တူ ပညာပေးနည်းလမ်းဖြင့် ကျန်းမာရေးပညာ ဖြန့်ဝေနိုင်ရန်လျှာထားပြီး သတ်မှတ်လူဦးရေ 400 ကိုတော့ နှစ်စဉ် အုပ်စုလိုက်ဆွေးနွေးမှုများဖြင့် မှန်ကန်တိကျသော သတင်းအချက်အလက်ကို ဖြန့်ဝေနိုင်မည်ဖြစ်သည်။ ဆယ်ကျော်သက် လူငယ်များအတွက် ၎င်းတို့၏ဘဝတွင် ကျန်းမာသောရွေးချယ်မှုများနှင့် ကိုယ်တိုင် ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် မှန်ကန်တိကျပြီးအရေးကြီးသော အချက်အလက်များအတွက်လည်း အရေးကြီးသော အခန်းကဏ္ဠအနေဖြင့် လိုအပ်ပါသည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းစတင်သည့်အချိန်ကာလတွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် နောက်ဆက်တွဲများကို ရှောင်ရှားနိုင်ပြီးတော့ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝများရရှိရန် ပြည်ပနိုင်ငံသို့ လူငယ်အဖွဲ့များ ပိုမို သွားရောက် အလုပ်ကိုင်မှုများ ရှိလာသည်။ ထိုအကျိုးဆက်အနေဖြင့် ရပ်ရွာအတွင်း သတ်မှတ်လူငယ် အုပ်စုများ လျော့နည်းလာခြင်း နှင့်အတူ သက်တူရွယ်တူ ပညာပေးသူများ ရှားပါးမှုမှာ လည်း တစတစမြင့်တက်လာသည်ကို ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် မိမိတို့ ရှမ်းလူငယ်များအဖွဲ့ (TYO) သည် သတ်မှတ်ထားသော ရည်မှန်းချက်များ ပြည့်မီပြီး မျှော်မှန်းထားသည့် ရလဒ်များ သေချာစေရန် ဆက်ကျော်သက် လူငယ်များကြားတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ခေတ်စားနေသော မီဒီယာမှ တဆင့် ပညာပေးခြင်းနှင့် ဆက်သွယ်ရေး နည်းဗျူဟာသစ်များအကြောင်း စဉ်ဆက်မပြတ် စဉ်းစားလုပ်ဆောင်လျက်ရှိသည်။ လူငယ်များ၏ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေး အတွက် မှန်ကန်တိကျသော အချက်အလက်များ တိုးပွားလာစေရန်အတွက် “Change” မိုဘိုင်းအက်ပလီကေးရှင်းကို တီထွင်ခဲ့ပါသည်။ play store နှင့် app store platform များမှတဆင့် မိုဘိုင်းအက်ပ်ရှိ လွင့်တင်ထားသော မှန်ကန်သော ကျန်းမာရေး သတင်းအချက်အလက်များ နှင့် အကြောင်းအရာများကို လူတိုင်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ရန် Change – Educational App for young people (taiyouth.org) တဆင့် ဒေါင်းလုပ် ရယူနိုင်ပါသည်။ ထို့အပြင် ရှေးရိုးရာ ဓလေ့ထုံးတမ်း ယုံကြည်မှု နှင့် အတွေးအခေါ်လွန်ကဲမှုများရှိသော ၎င်းတို့၏မိဘများ၊ အာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် ဆယ်ကျော်သက် လူငယ်များအကြား အပြုသဘောဆောင်သော လွှမ်းမိုး ဆက်သွယ်မှုများ အားကောင်းလာအောင် ကောင်မွန်စွာ ဆက်စပ်ပေး နိုင်ခဲ့ပါ သည်။ လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကိစ္စရပ်များကို အလုံးစုံ ဦးတည်ထားတာမျိုးမဟုတ်ပဲ၊ အကျိုးခံစားရသူအားလုံးအတွက် ကောလဟာလများနှင့် အန္တရာယ်ရှိသော အပြုအမူများကို သိရှိမှု ပိုမိုကောင်းမွန် လာစေရန် ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့်၊ ဤဆောင်းပါးသည် ဆယ်ကျော်သက်များ၏ ကျန်းမာရေး အလေ့အကျင့်များကို ကောင်းမွန်သော သက်သေ သာဓကများဖြင့် အရေးကြီးကြောင်း ဦးစားပေး စဥ်းစားရမည်ကို လူမှု့အဖွဲ့အစည်းအနေများမှ သတိထားမိစေရန် ရည်ရွယ်ပါသည်။
အသေးစိတ်သိရှိလိုပါက https://app.taiyouth.org တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။